Sunday, January 10, 2010

photoshop7ဒီဇိုင်းစာအုပ်

Photoshop 7 သုံးတဲ့ညီအကိုများအတွက် ပါ လေ့ကျင့်ခန်းများစွာနဲ့ ရှင်းလင်းအောင်ရေးသားထားတဲ့ စာအုပ် လေးပါ တော်တော်အသုံးဝင်ပါတယ် အောက်မှာဒေါင်းလိုက်ပါနော်
Download here

ဆရာဦးဇော်လင်းရဲ့ကွန်ပျူတာပြုပြင်နည်းစာအုပ်

ဦးဇော်လင်းရေးထားတဲ့ ကွန်ပျူတာပြုပြင်နည်းစာအုပ်လေးပါ
ကွန်ပျူတာသမားတိုင်းရှိထားသင့်ပါတယ်ခင်ဗျာ ကျွန်တော်ပြန်လည်ဖြန့်ဝေလိုက်ပါတယ်
အောက်မှာဒေါင်းပါ
Download Mediafire
မူရင်းကိုညီနေမင်း

window server2003 မြန်မာပြန်စာအုပ်လေးပါ

Window Server အကြောင်းကို မြန်မာလိုဘာသာပြန်ထားတဲ့
စာအုပ်လေးပါ တကယ်တန်ဖိုးရှိတဲ့ စာအုပ်လေးတွေမို့ပြန်ဝေမျှလိုက်ပါတယ်
အောက်မှာဒေါင်းလိုက်ပါ
Download Mediafire
မူရင်းကကိုညီနေမင်းပါ

Thursday, January 7, 2010

Window Lock Shortcut လုပ်နည်း

မိမိတို့ရဲ့ Desktop ပေါ်မှာ Lock ချတဲ့ Shortcut လေး တစ်ခုလောက် လုပ်ကြရအောင်။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပါပဲ။


ပထမအဆင့်

၁) Desktop ပေါ်မှာ Right Click လုပ်။ New မှ Shortcut ကို ရွေး။
၂) Shortcut Wizard Box ပေါ်လာရင် အောက်က ကုဒ်တွေကို ကူးထည့်လိုက်။

%windir%\System32\rundll32.exe user32.dll,LockWorkStation

၃) ပြီးရင် Next ။ ဖိုင်နာမည်ကို Lock လို့ ပေးလိုက်ပါ။ Finish ။

ဒုတိယအဆင့်

၁) အဲဒီ Shortcut ရဲ့ Icon ကို ပြောင်းလဲမှာ ဖြစ်တဲ့အတွက် Icon ပေါ်ကို Right Click လုပ်။ Properties ကို ရွေး။
၂) ပြီးရင် Change Icon ကို ကလစ်လုပ်။
၃) look for icons in this file ဆိုတဲ့ အကွက်မှာ %SystemRoot%\system32\SHELL32.dll ရိုက်လိုက်။



၎) ပုံတွေပေါ်လာရင် Lock ပုံလေးရွေးပါ။ ပြီးရင် Ok ။

ဒါဆိုရင် မိမိတို့ရဲ့ Desktop ပေါ်မှာ Lock Shortcut လေး ရှိနေတော့မယ်။ ၀င်းဒိုးကို အလွယ်တကူ Lock ချခဲ့လို့ရမယ်။ ဒီထက် လွယ်ချင်ရင်တော့ Window Key + L Key ကိုသာ နှိပ်လိုက်ပါ။ ပိုမြန်ပါတယ်။

Disk Cleanup Scheduled လုပ်နည်း

မိမိတို့ရဲ့ စက်တွေကို လေးလံစေတယ်ဆိုတဲ့ အချက်တွေထဲမှာ Temp file တွေက တစ်စိတ်တစ်ပိုင်း ပါဝင်တယ်ဆိုတာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု အဲဒီ Temp File တွေကို Schedule လုပ်ပြီး နေ့စဉ် ရှင်းထုတ်တဲ့ နည်းလမ်းကို ဖော်ပြပေးပါမယ်။ မဖြစ်မနေ လုပ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့အတွက် လုပ်စေချင်ပါတယ်။

ကျွန်တော်တော့အရမ်းအဆင်ပြေနေပါတယ်..အလုပ်မရှုပ်တော့ဘူးလေ



အဆင့်(၁)

၁) Start မှ Run တွင် cleanmgr /sageset:50 ရိုက်ထည့်ပါ။
၂) Box ပေါ်လာလျှင် အားလုံးကို အမှတ်ခြစ်ပေးလိုက်ပါ။
၃) OK ။

အဆင့်(၂)

၁) Control Panel က Scheduled Tasks ဆိုတာကို ဖွင့်ပါ။
၂) Double Click လုပ်ပြီး ဖွင့်ပါက Wizard Box ပေါ်လာလိမ့်မယ်။


၃) Next လုပ်ပါ။
၎) Disk Cleanup ဆိုတာကို ရှာပါ။ Next ။


၅) နေ့စဉ် ဖျက်/ရှင်းတာ ကောင်းတဲ့အတွက် Daily သာ ရွေးပါ။ Next ။


၆) စပြီး လုပ်ချင်တဲ့ အချိန်ကို ထည့်ပါ။ မိမိအနေနဲ့ကတော့ နံနက် ၁၀ နာရီကို လုပ်ပါတယ်။ Next ။



၇) Next ။



၈) Check Box ကို အမှန်ခြစ်ပေးပြီး Finish ။


၉) Finish လုပ်လိုက်ပါက အောက်က Box ကျလာလျှင် Ok ။



၁၀) နောက်တစ်ခု ထပ်ကျလာလိမ့်မယ်။ အဲဒီမှာ Run : အကွက်ရဲ့ နောက်ဆုံးမှာ /sagerun:50 ဆိုတာကို ရိုက်ထည့်ပါ။


၁၁) Apply လုပ်လိုက်ပါက Password များ တောင်းပါလိမ့်မည်။ အပေါ်တွင် ပေးခဲ့ပါက ဖြည့်ပါ။ မပေးခဲ့ပါက မဖြည့်ပါနှင့်။


ဒါဆိုရင် နေ့စဉ် မိမိတို့ သတ်မှတ်တဲ့ အချိန်ရောက်တိုင်း စက်က အော်တို ဖျက်/ရှင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အချိန်တွေ၊ ဦးနှောက်တွေ မလိုတော့ပါဘူး။ မေ့စရာလဲ မလိုတော့ဘူးပေါ့။

အထက်ပါ နည်းလမ်းအတိုင်း Disk Defragmenter လဲ လုပ်၍ ရပါတယ်။ လုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တဲ့အတွက် လုပ်ဆောင်ကြည့်ကြပါ။ အဆင်ပြေပါစေ။

Deamon4304-lite ဆော့ဖ်ဝဲလ်လေးပါ

Deamon4304-lite ဆော့ဖ်ဝဲလ်လေးကို ဒီနေရာမှာ ဒေါင်းလုပ်ယူပါ

Wednesday, January 6, 2010

virtual dj 5.0

ဒါကတော့ DJ ၀ါသနာပါသူများ အတွက် ရည်ရွယ်ပါတယ် . ကျွန်တော်ကတော့ သီချင်းကို နားသာထောင်တတ်တာ . သိပ်ပြီး နားမလည်လှဘူးဗျ . ဂီတဖက်ကို သိပ်ပြီး မထူးချွန်တဲ့အတွက် ဒီဂျေ ကစားတာကို မရှင်းပြနိုင်တဲ့အတွက်တော့ နားလည်ပေးစေချင် ပါတယ် . အခုပေးလိုက်တဲ့ DJ program ဟာ အခုလက်ရှိ ကျွန်တော်တို့ Resort က ပါတီတွေမှာ ကစားနေတဲ့ program ပါ . အရမ်းလဲကောင်းပါတယ် . ဒီ program က သီချင်းတွေကို Mixed လုပ်နိုင်သလို တစ်ကယ့် DJ စက်ကစားတဲ့ အရည်အသွေးနည်းတူ ကွန်ပျူတာနဲ့ ကစားနိုင်ပါတယ် . တစ်ကယ့် စက်တစ်လုံးကတော့ သွားမမှန်းလိုက်နဲ့ ဒီမှာ အောက်ဆုံးက စရေရင် ဒုတိယအဆင့်ရှိတဲ့ စက်တစ်လုံးတောင် ဘတ် 40000 ကျော်ပေးရတယ် . မြန်မာငွေနဲ့ဆို 1440000 ကျပ် လောက် ရှိမယ် . ၀ါသနာပါတဲ့သူများ ကစားနိုင်ရန်အတွက် တင်ပေးလိုက်တာပါ ..

Download mediafire
လိုအပ်လျှင်ယူပါခင်ဗျာ ဒီမှာ ပါ
DVD Converter Software ဖြစ်ပါတယ်။ Support လုပ်နိုင်တဲ့ Video format တွေကတော့ avi, divx, xvid, mov, mkv, flv , mpeg1, mpeg2, mpeg-, nsv, dvr-ms, tivo, ts, ifo, vob, asf, wmv, realmedia, rm, rmvb, ogm တို့အပြင် အခြား File Format တော်တော်များများကိုလည်း support လုပ်နိုင်တယ်လို့သိရပါတယ်။ file size လည်းမများပါဘူး.. 16.19 MB ပဲရှိပါတယ်။ စမ်းသပ်သုံးစွဲကြည့်ချင်သူ များ
ဒီမှာ

ယူပါခင်ဗျာ..
ဒါကတော့ window 2000, window xp နဲ့ window vista လို့ ခေါ်တဲ့ window os တွေအတွက် Driver အခွေပါ . အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် . .ကျွန်တော်ကတော့ ဒီအခွေကို မစမ်းကြည့်ရသေးတာကို ၀န်ခံပါတယ်. အဲ့ဒီ့အတွက်ကြောင့်မို့ မူရင်း link ကိုပဲ ထည့်ပေးလိုက်ပါတယ် . password တောင်းခဲ့လျှင် vinasoft4all.net ဆိုပြီးထည့်ပေးလိုက်ပါ .Download mediafire




ကျွန်တော် ရဲရာယေးကို တင်ပေးလိုက်ပါပြီ . အများဆုံး ပါတာကတော့ kaspersky 2010 keys တွေပါ . ဘာ့ကြောင့်လဲဆိုရင် အခုနောက်ပိုင်း အသုံးများ လာတာက 2010 ဖြစ်နေလို့ပါ . တစ်ချို့က ရက် 100 ကျော်တောင် ကျန်ပါသေးတယ် .

Download Mediafire ဒီမှာယူပါခင်ဗျာ

Tuesday, January 5, 2010

GMAIL ACCOUNT အခိုးမခံရခင်

Gmail Team ကနေပြီး Gmail account အခိုးခံရတဲ့အခါ ပြန်ဆယ်နိုင်ဖို့အတွက် ပြုလုပ်ပေးထားတာ ရှိပါတယ်။ သူက အခိုးခံရတဲ့ Account ပြန်လိုချင်ရင် Account creation date နဲ့ နောက်ဆုံးအသုံးပြုခဲ့တဲ့ password ကို မေးပါတယ်။ ပြန်ရနိုင်၊ မရနိုင်ကိုတော့ 100% အာမခံနိုင်ရဲ့လားတော့ မသိပါဘူး။

ဘာပဲပြောပြော Gmail အသုံးပြုသူ အားလုံးအနေနဲ့ တစ်ချိန်မှာ ကိုယ့် account လေးများ အခိုးခံလိုက်ရရင် ပြန်ဆယ်နိုင်ဖို့အတွက် အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိထားဖို့ ကြိုးစားထားသင့်ပါတယ်။

Recovery ပြန်လုပ်တဲ့ Link ကတော့ ဒီမှာ ပါ။

Monday, January 4, 2010

htmlကိုမြန်မာလိုလေ့လာချင်သူများအတွက်

အခုကျွန်တော်ဖို၇မ်ထဲကဖတ်မိတာလေးပါ
ကိုဖြိုးဝေမောင်တင်ထားတာလေးပါ
လေ့လာချင်တယ်ဆိုယင်တော့
ဒီမှာ
ဒေါင်းလိုက်ပါ

Gmail အသုံးပြုနည်းလမ်းညွန်

G-mailကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဂျီမေးလ် အသုံးပြုသူ အရေအတွက်က အတော့်ကို များပြားပါတယ်။ အခမဲ့ ရရှိခြင်း၊ မေးလ်ပို့ရာတွင် မြန်ဆန်လွယ်ကူမှုရှိခြင်းတို့ကြောင့်လည်း ဂျီမေးလ်ဟာ ကမ္ဘာပေါ်မှာ အများဆုံး သုံးစွဲနေကြပါတယ်။ ဒီတော့ ဂျီမေးလ်နဲ့ ပတ်သက်လို့ အကောင့်ဘယ်လိုဖွင့်မလဲ? ဂျီမေးလ်မှာ ဘာတွေလုပ်လို့ရလဲ ? signature ဘယ်လိုထည့်မလဲ ??? နောက်ဆုံး ဂျီမေးလ်အသုံးပြုပြီး သူငယ်ချင်းတွေနဲ့ ပတ်လည်စနစ်နဲ့ စကားပြောချင်ရင် ဘယ်လိုလုပ်ရမလဲ စသည်ဖြင့် အသေးစိတ်ဖော်ပြထားတဲ့ စာအုပ်လေးတွေ့လို့ မျှဝေလိုက်ပါတယ်။ အကောင့်ကို ဘယ်လိုကာကွယ်ရမလဲ ? ဂျီမေးလ်အခိုးခံရရင် ဘယ်လိုလုပ်ရမလဲ အစရှိတာတွေလည်း ပါဝင်တာမို့ စာအုပ်ကောင်းတစ်အုပ်လို့ ပြောရမှာဖြစ်ပါတယ်။ ကဲ.. အောက်မှာ ဒေါင်းနိုင်ပါတယ်ဗျာ.။

ဒီမှာဒေါင်းပါခင်ဗျာ


Saturday, January 2, 2010

Gtalk မှာဝင်ဝင်လာတတ်သောPrivate Cam Virusကိုရှင်းတဲ့ဆော့ဝဲလ်

Gtalk မှာ ကိုယ်က သုံးနေ၇င်းနဲ့ ကိုယ့်အကောင့်ထဲက တစ်ယောက်ယောက်က မသိပဲ..

Private Cam Virus လင့်ကို နှိပ်လိုက်မိတယ်ဆိုရင်...

သူရဲ့ထဲမှာ ရှိတဲ့ လူတွေအားလုံးကို ဒီလိုလင့်မျိုးတွေ လိုက်ပို့နေတော့တာပဲလေ...။

ဘာမှ မဖြစ်ဘူးထင်ရပေမဲ့...ကြာလာရင် စက်ရဲ့ အမြန်နှုန်းကို ကျစေတယ်..။

စက် ခဏခဏ Hang တယ်...။

ဒါတွေကို ဖြေရှင်းပေး ၊ ဖယ်ထုတ်ပေးတဲ့ ဆော့ဝဲလ်လေးပါ...။

MB အရမ်းနည်းပေမဲ့ တကယ်ထိရောက်ပါတယ်..။

ဒီမှာ ဆွဲယူလိုက်ပါ...။

Photobucket

A+ pc hardware (မြန်မာလို)

ဒါက ဆရာ မျိုးသူရ ရဲ့ A+ စာအုပ်ပါ ။ အဓိက ရေးထားတာက အခြေခံရယ်၊
hardware ထိန်းသိမ်း နည်း ရယ်ပါ ။ အဆင်ပြေတဲ့ Link ကနေ download ဆွဲ ကြပါ ... ကျွန်တော်လည်း လေ့လာဆဲပါ ခင်ဗျာ ...လိုချင်ယင်တော့
Download mediafire ဒေါင်းလိုက်ပါခင်ဗျာ
အားလုံးအဆင်ပြေကြပါစေ

မြန်မာအဘိဓာန်စာအုပ်

မြန်မာအဘိဓာန်ကို ရထားတာ ကြာပါပြီ။ စာရေးတဲ့အချိန်တွေမှာ တော်တော်အသုံးဝင်လို့ သုံးနေမိတယ်။ စာအုပ်ဝယ်ရင် အခွေပါ ပေးတယ်။ မိမိ ၀ယ်တာတော့ မဟုတ်ပါဘူး။ မိမိရဲ့ မိတ်ဆွေတစ်ယောက် ၀ယ်သုံးတာ။ သူက ပြန်ပေးတာ။ စာအုပ်တော့ မရှိဘူး။ အခွေတော့ ပွားထားတာ။


အခု စာဖတ်သူတွေကို သတိရလို့ ဖော်ပြပေးလိုက်ပါတယ်။ မဖြစ်မနေ ရှိသင့်တဲ့ မြန်မာအဘိဓာန်ပါ။ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့က ကြိုးကြိုးစား ပြုစုထားတာပါ။ မိမိကတော့ သဘောကျတယ်။ ကျေးဇူးလဲ တင်မိတယ်။ ကဲ ဒီမှာသာ Download ယူပေးတော့။
source:မောင်စေတနာ
မှတင်ထားတဲ့စာအုပ်လေးပါမျှဝေပေးလိုက်ပါတယ်နော်

Networkမှ တဆင့်အခြားကွန်ပျူတာများကိုထိန်းချုပ်ခြင်း

ကိုယ့် Network အတွင်းမှာရှိတဲ့ တခြားကွန်ပျူတာတွေကို
ထိန်းချုပ်တဲ့နည်းတွေ မြောက်မြားစွာ ရှိပါတယ်။
တခြားကွန်ပျူတာဘာလုပ်နေတာကအစ ထိုင်ကြည့်လို့ရတဲ့ Program တွေလည်း
မြောက်မြားစွာရှိပါတယ်။ Local Chat (Text, Voice) ၊ Local Mail၊ Local
Intranet စတာတွေလည်း ဖန်တီးလို့ ရပါသေးတယ်။အခုတော့ တခြားကွန်ပျူတာတွေမှာ သုံးနေတဲ့ Program တွေကို
လှမ်းပိတ်တဲ့နည်းလေး တင်လိုက်ပါတယ်။ တစ်ခုလောက်တောင်းဆိုချင်တာက
ဒီနည်းလမ်းကို အသုံးချပြီး သူတစ်ပါးကို အနှောင့်အယှက်မပေးပါနဲ့။
အထူးတောင်းဆိုလိုပါတယ်။
၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။
၂။ တခြားကွန်ပျူတာမှာ run နေတဲ့ Program list ကို ကြည့်နိုင်ဖို့
tasklist command ကို သုံးရပါ့မယ်။ Parameter တွေ ခံရပါမယ်။ tasklist /s
computername လို့ ရိုက်ပါ။ computername နေရာမှာ ကိုယ်ဆက်သွယ်မယ့်
ကွန်ပျူတာရဲ့ name ကို ထည့်ရပါမယ်။
၃။ ဒါဆိုရင် အဲဒီ ကွန်ပျူတာမှာ run နေတဲ့ program list တွေ ပေါ်လာပါပြီ။
၎။ လှမ်းပိတ်နိုင်ဖို့အတွက် taskkill command ကို ထပ်သုံးရပါ့မယ်။
၅။ taskkill /s computername /im programname ပါ။
၆။ programname နေရာမှာ ပိတ်ချင်တဲ့ program name ကို ရိုက်ရပါမယ်။ ဥပမာ
notepad.exe

ခဏလောက် စောင့်ကြည့်ပါ။ ပြီးရင် အဲဒီကွန်ပျူတာ ကိုင်တဲ့သူ ငါ့ကွန်ပျူတာ
ဘာဖြစ်သွားတာပါလိမ့်ဆိုတဲ့ မျက်နှာကြီးကို စပ်ဖြီးဖြီးနဲ့
ကြည့်နေလိုက်ပေါ့။

prefer: IT Men မှဆက်လက်မျှဝေလိုက်ပါတယ်

Gmail ရဲ့လျှိုဝှက်ချက်များ

(၁) မိမိ၏ Gmail account ကို ၀င်ရောက်ပါ။
(၂) ပုံတွင် ပြသထားသည့် setting ကို ကလစ်ပါ။


(၃) ပြီးလျှင် General Tab ကို ရွေးပါ။
(၄) Vacation responder on ကို ရွေးချယ်ပြီး မြင်နေရသည့် အကွက်တွင် မိမိရေးချင်သည့် စာသားများ ရေးပါ။ (ဥပမာ -ကျေးဇူးတင်စကား၊ အီးမေးရောက်ရှိကြောင်း စာသား)




(၅) ပြီးလျှင် save changes ကို ကလစ်ပါ။
(၆) မိမိ ရေးထားသည့် Subject သည် အောက်တွင် ပြသထားသည့် အတိုင်း ပေါ်နေလိမ့်မည်။ အကယ်၍ အဆိုပါ ပြုလုပ်ထားသည့် အီးမေးလ်များ ပြန်ရုပ်သိမ်းချင်လျှင် End now ကို ကလစ်ရမည် ဖြစ်သည်။



အထက်ပါ အဆင့်များအတိုင်း ပြုလုပ်ပါက သင့်ဆီပေးပို့နေသော အီးမေးလ်တိုင်းကို အီးမေးလ် ပြန်နေလိမ့်မည် ဖြစ်သည်။ အဆင်ပြေကြပါစေ။

IT Reshare Site:မှပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ

Gtalk တခုမှ 10 ခုအထိပွားပီးချက်လို့ရတဲ့နည်းလေးပါ

သင့်မှာ Gmail Address နှစ်ခု ရှိတယ်ဆိုကြပါဆို့။ ဒါပေမဲ့ GTalk မှာ ချက်တင် ၀င်တဲ့အခါ Primary mail နဲ့ပဲ ၀င်နေရတယ်။ နောက် mail adress တစ်ခုနဲ့ပါ တပြိုင်နက် (polygamy) ထပ်ဝင်ပြီး အားရပါးရ ချက်ချင်သေးတယ်ဆိုရင် ဒီတိုင်းလုပ်ပေးလို့ ရပါတယ်။
၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။၂။ Properties ကိုရွေးပါ။၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။

၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။

၅။ ထို့နောက် Apply ကို Click လုပ်ပါ။ ပြီးလျှင် သင်၏ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး လက်မညောင်းမချင်း ချက်နိုင်ပါပြီ။
သိပီးသားသူများမျက်စိမှိတ်နေပါမသိသေးသူများအတွက်မျှဝေပေးလိုက်ပါခင်ဗျာအဆင်ပြေကြပါစေ။

Gtalk ကနေဖုန်းအလကားခေါ်ကြရအောင်

အရင်ဖတ်ပြီးသူများ မှတ်ချက် update ကိုကြည့်ပါခင်ဗျာ
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။ ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ ဒီမှာ စာရင်းပေးသွင်းနိုင်ပါပြီ။အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
၁။ Google Talk ကိုဖွင့်ပါ။
၂။ ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
၃။ အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။Make calls from your Google Talk
Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။Helpful Hintsဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။

PDF နဲ့ ရယူလိုရင် ဒီက ယူပါ။မှတ်ချက်။ ဘယ်အရာမှ အလကားမရဘူး ဆိုတဲ့ အတိုင်း ဒီစံနစ်ကို သုံးတဲ့ သူတွေမှာ ဂျီတော့သမားက ပိုက်ဆံမကုန်ပေမယ့် ဖုန်းနဲ့ပြန်ဆက်ရတဲ့သူက ပိုက်ဆံဖြတ်ခံရကြောင်း ကြားသိရပါတယ်ခင်ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော လိုအပ်ချက်ရှိလာရင်တော့ အသုံးပြုနိုင်တာမို့ အသုံးဝင်နေဦးမယ်လို့ ထင်ပါတယ်။ စီးပွားရေးသမားတွေရဲ့ လှည့်ကွက်တစ်မျိုးပဲ လို့သာ သင်ခန်းစာ ယူကြပေတော့ဗျို့ :Pမှတ်ချက် update။ ကျွန်တော်ထပ်သိရတဲ့ သတင်းအရ ပိုက်ဆံ ဖြတ်တာက ဟိုဘက်ကသုံးနေတဲ့ ဖုန်းကဒ်နဲ့ ဆိုင်တယ် ဆိုပဲဗျ။ ဒါပေမယ့် စနေ၊ တနင်္ဂနွေဆို ဘယ်နိုင်ငံ ဘယ်ကဒ် ဖြစ်ဖြစ် ပိုက်ဆံ မဖြတ်ဘူးလို့ သိရပါတယ်။ စမ်းကြည့်လိုက်ကြပါဦး။

prefer: IT Menမှပြန်လည်မျှဝေပေးလိုက်ပါခင်ဗျာ ..အဆင်ပြေကြပါစေ။

Friday, January 1, 2010

Open Two Gmail Accounts at Once


အပေါ်မှာ ပြထားတဲ့ ပုံအတိုင်း Firefox ကို အသုံးပြုပြီး E-mail ( ၂ ) ခု ပြိုင်တူ ဖွင့်ထားတာကို တွေ့မှာပါ။ ပုံမှန်က Firefox မှာ E-Mail တစ်ခု ဖွင့်ပြီး နောက်တစ်ခု ထပ်ဖွင့်ရင် အရင်တစ်ခုက အလိုလို Sign Out ဖြစ်သွားပါတယ်။ အခုကတော့ အဲဒီလို မဖြစ်တော့ပါဘူး။ Firefox မှာ IE Tab Add-On လေးကို Add ပေးလိုက်ရင် အဆင်ပြေသွားပါပြီ။ ဒီနည်းကတော့ လိုတဲ့လူလဲ ရှိသလို မလိုတဲ့ သူများလဲ ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ်ဆိုတာကို သိစေချင်လို့ ပြန်လည် ဝေမျှပေးလိုက်တာပါ။ လုပ်နည်းကလဲ မခက်ပါဘူး။ ပုံမှန် Firefox မှာ Add on တွေ ထည့်သလိုပါပဲ။ အသုံးပြုချင်သူများ IE Tab Add-On ကို သွားပြီး Add to Firefox ( Windows ) ဆိုတာလေးကို Click ပြီးသွင်းလိုက်ပါ။ ဒါဆို ရပါပြီ။
သွင်းပြီးသွားရင် Firefox ညာဘက် အောက်ခြေမှာ Firefox ပုံလေး ပေါ်လာပါလိမ့်မယ်။ မိမိ အသုံးပြုတဲ့ အခါမှာ ပထမဆုံး Firefox နဲ့ E-Mail တစ်ခုကို ဖွင့်လိုက်ပါ။ ပြီးရင် ခုနက သွင်းလိုက်လို့ ပေါ်လာတဲ့ Firefox ပုံလေးကို သွားပြီး Mouse အလယ်ကို Click လိုက်ရင် နောက်ထပ် E-Mail Box တစ်ခု IE Tab နဲ့ ပေါ်လာပါလိမ့်မယ်။ အဆင်ပြေပါစေ။ ကိုမနောသားမှရှယ်ယာမျှဝေပေးလိုက်ပါတယ်ခင်ဗျာ

ဂျှီတော့အရောင် လှလှလေးများ


ဂျီတော့ကို အရောင်လှလှလေးနဲ့ သုံးချင်သူများအတွက်ပါ ...

ိDOWNLOAD Skin 1
ိDOWNLOAD Skin 2

အညာသားလေးပါခင်ဗျာ

____0000000000______0000000000_____ __000________000__000________000___ _000___________0000___________000__ 000_____________00_____________000_ 000____________________________000_
000 **အညာသားလေးခင်ဗျာ** 000 _
000 သိလိုတတ်လို့ ရေးတာမဟုတ်ပါ 000_
__000 ကိုယ်သိလိုတတ်လိုသည်များကို 000__
___000 မှတ်စုသဘောမျိုးလေးနဲ့ 000____
_____000 ရေးထားတာဖြစ်ပါတယ် 000_____
_______000______________000________ _________000__________000__________ ____________000____000_____________ ______________000000_______________ ________________00_________________