Friday, January 1, 2010

Open Two Gmail Accounts at Once


အပေါ်မှာ ပြထားတဲ့ ပုံအတိုင်း Firefox ကို အသုံးပြုပြီး E-mail ( ၂ ) ခု ပြိုင်တူ ဖွင့်ထားတာကို တွေ့မှာပါ။ ပုံမှန်က Firefox မှာ E-Mail တစ်ခု ဖွင့်ပြီး နောက်တစ်ခု ထပ်ဖွင့်ရင် အရင်တစ်ခုက အလိုလို Sign Out ဖြစ်သွားပါတယ်။ အခုကတော့ အဲဒီလို မဖြစ်တော့ပါဘူး။ Firefox မှာ IE Tab Add-On လေးကို Add ပေးလိုက်ရင် အဆင်ပြေသွားပါပြီ။ ဒီနည်းကတော့ လိုတဲ့လူလဲ ရှိသလို မလိုတဲ့ သူများလဲ ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ်ဆိုတာကို သိစေချင်လို့ ပြန်လည် ဝေမျှပေးလိုက်တာပါ။ လုပ်နည်းကလဲ မခက်ပါဘူး။ ပုံမှန် Firefox မှာ Add on တွေ ထည့်သလိုပါပဲ။ အသုံးပြုချင်သူများ IE Tab Add-On ကို သွားပြီး Add to Firefox ( Windows ) ဆိုတာလေးကို Click ပြီးသွင်းလိုက်ပါ။ ဒါဆို ရပါပြီ။
သွင်းပြီးသွားရင် Firefox ညာဘက် အောက်ခြေမှာ Firefox ပုံလေး ပေါ်လာပါလိမ့်မယ်။ မိမိ အသုံးပြုတဲ့ အခါမှာ ပထမဆုံး Firefox နဲ့ E-Mail တစ်ခုကို ဖွင့်လိုက်ပါ။ ပြီးရင် ခုနက သွင်းလိုက်လို့ ပေါ်လာတဲ့ Firefox ပုံလေးကို သွားပြီး Mouse အလယ်ကို Click လိုက်ရင် နောက်ထပ် E-Mail Box တစ်ခု IE Tab နဲ့ ပေါ်လာပါလိမ့်မယ်။ အဆင်ပြေပါစေ။ ကိုမနောသားမှရှယ်ယာမျှဝေပေးလိုက်ပါတယ်ခင်ဗျာ

0 comments:

Post a Comment